Popular Posts

Tuesday 27 September 2011

The art of Pattern (Part 2)

Photoshop မှာ Default ထည့်ပေးထားတဲ့ Pattern တွေကတော့ Continuous ဖြစ်အောင် ဖန်တီးပေးထားပြီးဖြစ်ပါတယ်။ Continuous pattern ဆိုတာကတော့ Indefinitely Fill လုပ်နိုင်ပြီး တစ်ခုနဲ့တစ်ခုကြားထဲမှာ ဆက်ရာရှာမရတဲ့ Pattern တွေကို ဆိုလိုတာပါ။
ဒီတစ်ခေါက် Tutorial ကတော့ အဲလို Continuous pattern များကို ဖန်တီးခြင်းဖြစ်ပါတယ်။ ဒီလိုဖန်တီးထားတဲ့ Pattern တွေကို Jpeg အနေနဲ့ Save လုပ်ပြီး အခြားသော AutoCAD, 3D Studio Max အစရှိတဲ့ Software တွေမှာ Plug-in အနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။
၁) ပထမဦးဆုံး New File (110 pix - 80 pix) တစ်ခု ဖွင့်ပါ။ ပုံမှန်အားဖြင့် Square pattern များကို ဖန်တီးကြပါသည်။ ဒီ Tutorial မှာတော့ ပိုရှင်းသွားအောင် Rectangular Pattern လုပ်ပြခြင်းဖြစ်ပါသည်။
ပြီးရင် (Filter > Render > Fiber) ဖြင့် အလွယ်ဆုံး Pattern တစ်ခုကို Fill လုပ်လိုက်ပါ။ Pattern နဲ့ ပိုတူသွားအောင် အဲဒီအပေါ်မှာ ခပ်ရှုပ်ရှုပ် Line တွေကို Brush Tool ဖြင့် ဆွဲလိုက်ပါတယ်။
အဲဒီ ပုံကို Continuous Pattern အဖြစ် ပြောင်းပါမယ်။

၂) Filter > Other > Offset သို့ဝင်ပါ။ Offset တန်ဖိုးများအဖြစ် Horizontal = 55 pix နဲ့ Vertical = 40 pix အသီသီးထားပါမယ်။ မူလပုံတစ်ခုလုံး Pixel တန်ဖိုးများရဲ့ တစ်ဝက်ဆီဖြစ်ပါတယ်။ ဒါဆိုရင် အောက်ကအတိုင်းတွေ့ရမှာပါ။
၃) Clone Stamp Tool ကို အသုံးပြုပြီး အလယ်မှ ဆက်ရာကဲ့သို့ဖြစ်နေသော နေရာများကို ဖာထေးပါ။ Brush ကတော့ Soft rounded brush ပဲဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက ပုံရဲ့အနားစွန်းများကို မထိမိစေရန်ဂရုစိုက်ပါ။
ပြီးလျှင်တော့ ပုံအတိုင်းတွေ့ရပါမည်။
၎) ဒီပုံကို (Edit > Define Pattern) ဖြင့် Save လုပ်ပြီး Paint Bucket Tool, Pattern ဖြင့် Fill လုပ်ပြီး အသုံးပြုနိုင်ပါပြီ။
အခုနမူနာလုပ်ပြထားတဲ့ Pattern က နားလည်လွယ်အောင် အဖြူအမည်းနဲ့ လုပ်ပြထားခြင်းဖြစ်ပါတယ်။ ပြီးတော့ အဆင့် (၃) Clone Stamp လုပ်တဲ့နေရာမှာ ပုံရဲ့ အနားစွန်းတွေကို ထိခိုက်မိတဲ့အတွက် Continuous pattern စစ်စစ်မဖြစ်သေးပါဘူး။ Fill လုပ်တဲ့ ကြားထဲမှာ ဆက်ရာတွေ ပေါ်နေသေးတာကို တွေ့နိုင်ပါတယ်။ အဲသလိုဆိုရင် အဆင့် (၂) ဖြစ်တဲ့ Offset Filter ကို တစ်ခေါက်ပြန်ဝင်ပြီး Clone Stamp ကို ပြန်လုပ်ရပါလိမ့်မယ်။ အကယ်၍ Clone အလုပ်များသွားပြန်ရင်လည်း ပုံက ၀ါးသွားတတ်ပါတယ်။ ဒါကိုတော့ လိုအပ်သလို ချိန်ဆရမှာဖြစ်ပါတယ်နော်…။

တကယ်တမ်းပြောရရင် ဒီနည်းကို အသုံးပြုခြင်းဖြင့် မိမိကိုယ်တိုင် ဓာတ်ပုံရိုက်ထားတဲ့ (ဒါမှမဟုတ်) Photo Blog တွေမှာ အလွယ်တကူရနိုင်တဲ့ Sand, Granite, Gravel, Fiber အစရှိသော Pattern များကို Continuous pattern များအဖြစ် အလွယ်တကူပြုလုပ်နိုင်ပါတယ်။
အခြားသော Brick, Tile, Grill အစရှိတာတွေကို Continuous ပြုလုပ်တာကတော့ ဒီ Tutorial အတိုင်းဖြစ်ပေမယ့် အနည်းငယ်ပို လက်ဝင်ပြီး စိတ်ရှည်ရပါတယ်။ နောင် Tutorial တွေမှာ အလျဉ်းသင့်ရင် ပြောပြပေးသွားပါမယ်။

The art of Pattern

ဦးစွာသတိပြုရမှာက အသုံးပြုမယ့် Document အရွယ်အစားပါ၊ အဲဒီ Document ထဲမှာ မိမိပြုလုပ်မယ့် Pattern ကိုဘယ်လိုအရွယ်အစား မျိုးနဲ့ပေါ်ချင်သလဲဆိုတာ တွက်ချက်ရပါမယ်။ ဥပမာ Document က ၆ လက်မပတ်လည် ကို Resolution က ၁၀၀ နဲ့ဆိုပါစို့၊ (Pixel Dimension = ၆၀၀ by ၆၀၀) အဲဒီ Document တစ်ခုလုံးကို ကျားကွက်ပုံ တွေကိုနေရာအနံ့ Fill ချင်တယ်ဆိုပါတော့။ အကွက်ပေါင်းကို အလျား ရော အနံပါ ၁၂ ကွက်လိုချင်ရင် 600 / 12 = 50 Pixel ရမှာပါ။

New Document တစ်ခုကို ၁ လက်မပတ်လည်နဲ့ Resolution ကို 100 နဲ့ ယူပါ။ ဒါဆိုရင် Pixel Dimension အရဆိုရင် 100 by 100 pixel ရှိပါတယ်။ ကျားကွက်ကိုအဖြူနဲ့အနက်ရောင်ကွက်တွေ ပြုလုပ်ပါမယ်၊ အကွက်တစ်ကွက်ကို 50 pixel ယူလိုက်ရအောင်။ Ruler Bar ကိုခေါ်ထားပါဦး (Ctrl + R)။ ပြီးရင် View>New Guide menu ကိုရွေးပါ၊ New Guide option မှာ Orientation ကို Vertical ထားပြီး Position ကို 0.5 in ထားပြီး OK နှိပ်ပါ။



အဲဒီနောက် Deselect လုပ်ပါ။ ပြီးမှ Document တစ်ခုလုံးကို Select (Ctrl + A) လုပ်ပါ၊ Edit>Define Pattern menu ကိုရွေးပါ။ Define Dialog box မှာ Preview လေးတစ်ခုပါမြင်နေရမှာပါ။ Name နေရာမှာ chess လို့ရိုက်လိုက်ပါ။ ပြီးရင် OK နှိပ်ပါ။ ပုံကိုကြည့်ပါ။
အခုဆိုရင် chess ဆိုတဲ့ Pattern တစ်ခုကို သင်ဖန်တီးပြီးသွားပါပြီ။ အသုံးပြုကြည့်ရအောင်၊ New Document ကိုအထက်မှာပြောခဲ့တဲ့အတိုင်း ၆ လက်မပတ်လည်ကို Resolution 100 နဲ့ Create လုပ်ပါ။ ပြီးရင် Edit>Fill မှာ Pattern type ကိုရွေးပါ၊ Pattern Picker ရဲ့ နောက်ဆုံးမှာ သင် Create လုပ်ထားတဲ့ Pattern လေးကိုမြင်ရမှာပါ။
အခုနောက်ထပ် Pattern တစ်ခုကိုထပ်လုပ်ကြည့်ရအောင်။ New Document တစ်ခုကိုအရင်အတိုင်းပဲ ၁ လက်မပတ်လည်နဲ့ Resolution ကို 100 နဲ့ပဲယူပါ။ ပြီးရင်အရင်အတိုင်းပဲ Guide လိုင်းနှစ်ခုကို အလျားလိုက်ရော ထောင်လိုက်ပါပြုလုပ်ပါ။ ပုံပါအတိုင်းအောက်ဘက် နှစ်ကွက်ကို အနီရောင် Fill လိုက်ပါ။
အဲဒီနောက် Edit>Stroke ကို Color မှာအဖြူရောင် Location မှာInside နဲ့ Width ကတော့ 3 pixel နဲ့လုပ်ပါမယ်။ ပုံကိုအခုလိုမြင်ရပါပြီ။
ပြီးနောက် ဘယ်ဘက်အစွန်အပေါ်ကအကွက်ကိုအနီရောင် Fill လိုက်ပါမယ်။ ပြီးရင် Edit>Stroke ကို Color မှာအဖြူရောင် Location မှာInside နဲ့ Width ကတော့ 3 pixel နဲ့လုပ်ပါမယ်။
အဲဒီနောက်မှာတော့ Deselect လုပ်ပါမယ်။ Magic Wand ကိုရွေးပြီး နောက်ဆုံးလုပ်ခဲ့တဲ့ အပေါ်ကလေးထောင့်ကွက်ကို Select လုပ်ပါ။ ပြီးရင် ထို Selection ကိုဘယ်ဘက်သို့ Left Arrow Key ကိုနှိပ်ခြင်းဖြင့်ရွေပါ။ ပြီးရင်အနီရောင်ပြန် Fill ပါမယ်။ ပုံကိုကြည့်ပါ။
ညာဘက်ကအကွက်ကိုလဲ ဒီအတိုင်းပဲပြုလုပ်လိုက်ရင် ဒီလိုပုံရလာမှာပါ။ Magic Wand နဲ့ Select လုပ်ပြီးရင်တော့ Selection ကိုရွေတဲ့အခါမှာ  ညာဘက်ကို ရွေရမှာနော်။
Select All (Ctrl + A) လုပ်ပါ၊ ပြီးရင်တော့ Edit>Define Pattern ကို နှိပ်ပြီး Pattern တစ်ခုလုပ်လိုက်ရုံပါပဲ။ Pattern Name ကိုတော့ brick လို့ပေးထားပါဦး။ ဒါဆိုရင် သင် Pattern နှစ်ခုပြီးလုပ်ပြီးပါပြီ၊ New Document တစ်ခုယူပြီး ဒီ Pattern ကို Fill လုပ်ကြည့်ရင် အုတ်ကွက်ပုံလေး တွေ တွေ့ရမှာပါ၊ စမ်းကြည့်ပါ။
နောက်တစ်ဆင့်က အဲဒီ Pattern နှစ်ခုကို File တစ်ခုအနေနဲ့ Save ထားဖို့ပါပဲ၊ အဲဒီအတွက်တော့ Edit>Preset Manager ကိုသွားပါ။
Preset type မှာ Patterns ကိုရွေးပါ၊ Pattern Picker ရဲ့နောက်ဆုံးမှာသင်ပြုလုပ်ခဲ့တဲ့ Pattern နှစ်ခုရှိနေပါတယ်။ chess ကို Click လုပ်ပါ၊ ပြီးရင်တော့ brick ကို Shift Key ပါတွဲနှိပ်ပြီး Click လုပ်ပါ ( Selection ထဲပေါင်းထည့် တဲ့သဘောပါ)။ Pattern နှစ်ခုစလုံး Select ဖြစ်နေ တော့မှ Save Set ဆိုတဲ့ Button ကို Click လုပ်ပါ။ File Save ဖို့နာမည် တောင်းတဲ့အခါ မိမိကြိုက်နှစ်သက်ရာပေးလိုက်ပါ၊ အခုတော့ mmphotoshop ဆိုတဲ့ နံမည်ကိုပေးလိုက်ပါတယ်။ ပြီးရင် Preset Manager ကိုပိတ်လိုက်ပါ။ သင့်ကိုယ်ပိုင် Pattern file တစ်ခုတည်ဆောက် ပြီးသွားပါပြီ။ သင်ပြုလုပ်ထားသော Pattern ကို Pattern Fly Out menu မှ Load Pattern menu ဖြစ်စေ Replace Pattern menu ဖြင့်ဖြစ်စေ ခေါ်ယူအသုံးပြုနိုင်ပါတယ်။ Pattern file List အဖြစ် Fly Out menu တွင် ပေါ်စေလိုပါက PhotoShop ကို Reset လုပ်ပေးလိုက်ရုံပါပဲ။
ဒီနည်းအတိုင်းပဲ သင်လိုချင်သော Pattern File များကိုတည်ဆောက်ထားနိုင်ပါတယ်။ တစ်ခုပြောစရာရှိသေးတာက Edit>Define Pattern menu ဟာ Selection လုံးဝမရှိလဲပေါ်ပါတယ်၊ အဲဒီအခါမှာ Pattern area ဟာ Document တစ်ခုလုံးလို့ဆိုလိုတာပါ။ နောက်အခြေအနေတစ်ခု က Selection ဟာ လုံးဝလေးတောင့်ဖြစ်နေရပါမယ်။ အောက်မှာပြထားတဲ့ Selection တွေဟာဆိုရင် Define Pattern menu ကိုပေါ်လာစေမှာ မဟုတ်ပါဘူး။ သေသေချာချာသတိထားရမှာပါ။

အလင်းအမှောင်ကိုသုံး၍ထုများ ဖန်တီးခြင်း

Tint and Shade
အရာဝထ္ထုများဟာ အလင်းကြောင့်သာ ထုသဘောကိုမြင်ရတာပါ၊ နောက်တစ်ခုက အလင်းရဲ့ ဆန့်ကျင်ဘက်မှာ အမှောင်သဘာဝ ရှိနေပါတယ်။ ဒီအလင်းနဲ့အမှောင်ရှိမှသာ အရာဝထ္ထုတွေကို ထုသဘောရအောင်ဖန်တီးနိုင်မှာပါ။ Photoshop မှာလည်းဒီသဘောသဘာဝကို အသုံးပြုပါတယ်။ အရာဝထ္ထုတိုင်းမှာ ကိုယ်ပိုင်အရောင် (local color) များရှိကြပါတယ်။ ဥပမာ ငှက်ပျောသီးတစ်လုံးရဲ့ local color ပြောပါဆိုရင် အ၀ါရောင်ပါ။ အဲ့ဒီအရောင်များပေါ်ကိုအလင်းထိရောက်တဲ့အခါ အရောင်ကဖွေးဖြူလာပါတယ်၊ အလင်း မသက်ရောက်နိုင်တဲ့အမှောင်ဘက်မှာ တော့ အမဲရောင်သန်းလာပါတယ်။ ဒီအချင်းအရာကို Tint and shade ကိုအသုံးပြုပြီးဖန်တီးနိုင်ပါတယ်။ အရောင်တစ်ခုကို အဖြူရောင်နဲ့ ရောစပ်လိုက်ရင် Tint လို့ခေါ်ပြီး အမဲရောင်နဲ့ရောစပ်လိုက်ရင်တော့ shade effect ကိုရရှိမှာပါ၊ လက်တွေ့လုပ်ကြည့်ရအောင်။
Photoshop မှာသင့်တော်မယ်အရွယ်နဲ့ new document တစ်ခုခေါ်ပါ၊ ပြီးရင်ပုံမှာမြင်ရတဲ့အတိုင်း guide line ရှစ်ခုကိုဆွဲပါ Ruler bar (if necessary press Ctrl+r) မှာ click and drag လုပ်ပြီးလိုချင်တဲ့နေရာမှာ drop လုပ်ပါ။ ဒါမှမဟုတ်အတိအကျလိုချင်ရင်တော့ New Guide မှာ amount ရိုက်ထည့်ပေးပါ (View>New Guide...)။ ပြီးရင်အပြင်ဘောင်လိုင်းလေးအတိုင်း Rectangular Marquee သုံးပြီး selection လုပ်ပါ။ အရောင်တစ်ခုခုကို fill လုပ်ပါ။ ဒါဆိုရင်ဒီပုံအတိုင်းမြင်နေရပါပြီ။
ပြီးရင် Polygon Lasso tool ကိုသုံးပြီးဒေါင့်လေးကိုပုံမှာမြင်ရတဲ့အတိုင်း select လုပ်ပါ၊
Edit>fill...ကိုနှိပ်ပါ၊ Contents မှာတော့ white ကိုရွေးပြီး Opacity မှာ 40 % လောက်ထားပြီး OK နှိပ်ပါ၊ ပုံကဒီလိုဖြစ်သွားပါပြီ
Deselect လုပ်ပါ (Select>Deselect) ၊ပြီးရင် အောက်ဘက်အခြမ်းကိုလဲဒီနည်းအတိုင်းလုပ်ပါဦး။ Fill လုပ်တဲ့အခါမှာတော့ Contacts မှာ Black ရွေးပြီး Opacity ကိုတော့ 10 % ပဲထားပါ။ အနက်ရောင်က စွန်းထင်းလွယ်လို့လျှော့လိုက်ရတာပါ၊ အခုဆိုရင် ပုံဟာဒီလိုမျိုးဖြစ် လာပါပြီ။
Deselect လုပ်ပြီး Guide line တွေကို hide လုပ်လိုက်ရင် (press Ctrl+; ) ဒီလိုပုံစံမျိုးမြင်ရပါပြီ၊အောက်ကပုံကိုကြည့်ပါ။
ဒီနည်းဟာအလွယ်ဆုံးနဲ့ အသုံးအ၀င်ဆုံးပါပဲ၊ သဘာဝနဲ့လဲနီးစပ်ပါတယ်။ ဒီနည်းကိုအသုံးပြုပြီးအောက်မှာပါတဲ့ပုံလေးကို လေ့ကျင့်ခန်း လုပ်ကြည့်ပါဦး၊ လွယ်ပါတယ်၊ အချိန်သိပ်မကြာလောက်ပါဘူး။
နောက်တစ်ခုပြောစရာရှိတာက အလင်းရဲ့လားရာဦးတည်ဘက်ပါ၊ အလင်းသီအိုရီတစ်ခုမှာက အလင်းသည် လင်းရာမှ မှောင်ရာသို့  မိမိအင်းအားရှိသမျှ အရှိန်ဖြင့် တရွေ့ရွေ့သွားပြီး အရိပ်တွင်ဆုံးသည် လို့ဖော်ပြထားပါတယ်။ အပေါ်က ဥပမာတွေမှာအလင်းရဲ့ ဦးတည် ဘက်ကိုမေးရင် 135 ဒီဂရီမှ  -45 ဒီဂရီ သို့မဟုတ် Top & Right side Light လို့ပြောရပါမယ်၊(အလင်းသက်ရောက်ပုံကိုပြောရာတွင် အရာဝထ္ထု ဘက် က ပြောပါသည်၊ မိမိဘက်မှကြည့်ပြောခြင်းမဟုတ်ပါ)။ အလင်းဟာ ထုထည်တစ်ခုကို ပတ်လည်ဖြစ်ပေါ်စေနိုင်မှုပေးနိုင် ပါတယ်။ အရာဝထ္ထု တစ်ခု အပေါ်အလင်းကျရောက်မှုကိုကြည့်လျှက် အလင်းရဲ့တည်နေရာကိုသိနိုင်ပါတယ်။ အလင်းသက်ရောက်ပုံများကိုအောက်ပါပုံတွင် လေ့လာ ကြည့်ပါ
Gradient
Tint and shade များအကြောင်းအပြီးမှာ နောက်ထပ်ပြောစရာရှိသေးတာက အလင်းကြောင့် ဖြစ်ပေါ်လာရသော အရောင်အသွေး ပြောင်းလဲခြင်းများပါ။ သူက tint and shade လိုလုံးဝရုတ်တရက်ပြောင်းလဲခြင်းမျိုးမဟုတ်ဘဲ တဖြေးဖြေး ပြောင်းလဲခြင်းမျိုးပါ။ ဥပမာ sphere တစ်လုံးကိုအလင်းပေးလိုက်တဲ့အခါမှာမြင်ရတဲ့ တစ်ခြမ်းလင်းတစ်ခြမ်းမှောင်ပုံစံမျိုးပါ၊ ရုတ်တရက် လင်းခြင်းမှောင်ခြင်းမျိုးမဟုတ်ဘဲ လင်းရာမှတဖြေးဖြေးမှောင်သွားခြင်းကိုဆိုလိုတာပါ။ ဒိလိုပုံစံရအောင်ဆိုရင် Photoshop မှာ Gradient tool ကိုအသုံးပြုနိုင်ပါတယ်။
Photoshop မှာသင့်တော်မယ်အရွယ်နဲ့ new document တစ်ခုခေါ်ပါ၊ ပြီးရင်ပုံမှာမြင်ရတဲ့အတိုင်း circle တစ်ခုကို elliptical marquee too သုံးပြီးဆွဲပါ၊ elliptical marquee too ကိုရွေးပြီး drawing area မှာ click and drag လုပ်တဲ့အချန်မှာ Shift key နှိပ်ထားရင် circle ရလာပါတယ်။ အရောင် Fill ထားပါ။ circle ဆွဲပြီးပြီးချင်း Deselect မလုပ်ပါနဲ့ဦး။
Tool box မှာ Default Foreground and Background color ဆိုတဲ့နေရာကို click လုပ်ပါ (သို့မဟုတ် d ကိုနှိပ်ပါ)။ ဒါဆိုရင် foreground မှာ အနက်ရောင်နဲ့ background မှာ အဖြူရောင်ဖြစ်သွားပါပြီ။ ပြီးရင် X ကို နှိပ်ပါ၊ foreground နဲ့ background ကိုအရောင်လဲ လိုက်တာပါ။ အခုဆိုရင် foreground မှာ အဖြူနဲ့ background မှာ အနက်ရောင်ဖြစ်သွားပါပြီ။
Gradient Tool ကိုရွေးပါ၊ tool option bar မှာ Radial gradient ကိုရွေးပြီး Opacity ကို 30 % လောက်ထားပြီး စက်ဝိုင်းရဲ့ အပေါ်ဘယ် ဘက်ထောင့်ကနေ အောက်ညာဘက်ထောင့်ကိုဆွဲပါ။ Deselect လုပ်လိုက်ရင်ဒီလိုပုံရလာပါပြီ။
Foreground နဲ့ background အရောင်များကိုတခြားအရောင်များသုံးပြီးတော့လည်း စမ်းကြည့်ပါဦး။ အခုလုပ်ထားတာကအရောင်တစ်ခု အပေါ်ကိုအဖြူနဲ့အနက်ရောင်အုပ်လိုက်ပြီး sphere ပုံစံဖြစ်အောင်လုပ်တာပါ။ အလင်းအမှောင်ပြေင်းလဲချင်ရင် foreground က အဖြူရောင်းကို တဖြည်းဖြည်းအနက်ဘက်သို့ချဉ်းကပ်ခြင်းဖြင့် လည်းကောင်း Opacity ပြောင်းလဲ၍ လည်းကောင်း အလင်းအားလျော့လာပုံ များလာပုံကိုရမှာပါ၊
အလင်းအင်အား(lighting power) နှင့်ပတ်သက်၍
အလင်းအားပြင်းလျှင်(strong light) အလင်းအားတောက်ပပြီး အမှောင်အားပြင်းကာ အရိပ်လဲထင်းပါတယ်။ Contract များပါတယ်။ သာမန်အလင်း(normal light)လောက်ဆိုရင် အလင်းအမှောင်အားဟာ အရာဝထ္ထုရဲ့ထုကိုပိုမိုကြွစေပါတယ်။ အလင်းအားနဲရင်(dim light)တော့ ထုကိုပေါ်လွင်စေမည်မဟုတ်ပါ။ ဒီအောက်မှာပါတဲ့ပုံလေးတွေကိုနမူနာထားပြီး Photoshop နဲ့ ဆွဲကြည့်ပါဦးလား။

Simple Tutorials- Some Tricks to draw your own cartoons!!!

Here I am trying to show you how to draw cartoons. I will try to make as simple as possible. Drawing cartoons is very amusing. You will enjoy learning how to make figures. And maybe, you will also discover a new talent in yourself. Good Try!!! :D

Step 1
But FIRST, you should practice these lines....take a large page (newspapers are best for this practice),
Step 2
We will start with drawing the head. Most important thing to remember while drawing a cartoon head is the shape of the head.

Step 3
How to draw a cartoon head:
step 1.Draw the shape of the head. I am drawing circle. Add guidelines. This way you will gt the anatomy right.
Step 2.Draws the eys
Step 3.nose
Step 4.draw ears and mouth
Step 5.Now add hair style

Step 4
A face can be looking up or down or anywhere. Guidelines are very helpful to get the head facing in right direction. So first draw the head then put guidelines. Then add eyes, nose, mouth... etc.



Step 5
Facial expressions are an important channel of nonverbal communication. Emotions are expressed mainly through the eyebrows and mouth.

Step 6
Here I have shown step by step process of drawing a cartoon head.
There are 3 heads, egg-shaped, pear-shaped and rectangle.
Now make the outline of the head clearer and give it some hairstyle.

Step 7
Draw the movement of action for your cartoon. For this draw the guidelines.
Draw circles to get the shape of the body. Then draw the facial expressions and the body.
After all this, draw the clothes and other accessories.

Step 8
Mouths is an important characteristic of a cartoon character. It changes the expressions.
You can always draw a mouth using a line or a circle.

Step 9
A person's thoughts can be ascertained by looking in his or her eyes.The eyes are simply the most expressive part of funny cartoon faces, and almost every emotion can be shown through the proper illustration of eyes.

Step 10
Hands

Step 11
These hands are drawn with the same process described above...Its easy....just keep practicing .

Step 12
Using these simple steps, you can create your own cartoons.....

Have a great time of creating your own cartoons!!! =)

Monday 26 September 2011

http://images.zwani.com/graphics/funny_pictures/images/44funny-pictures268.jpg


This time , here is some exercises for you to access how your brain can focus on what it see and how fast it is.
Test it out to find out how many are there.

Enjoy !!!



http://images.zwani.com/graphics/funny_pictures/images/56funny-pictures45265.jpg

count the black dots!!!




Hello to our lovely visitors!!!

What I am going to present is the one of the most famous food of Japan. It can also be stated as their traditional food and until now all the Japanese love it to eat it. Not only them, other people have been found out to get used to that food and start addicting. So now please enjoy the picture first and later I will post receipe of how to make easiest and most delicious one.

Thanks